08 July 2011

Virus အမျိုးအစားခွဲခြားခြင်း..

၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး

 ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ
ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ 
Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ 
Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို 
လုပ်ဆောင်ပါတယ်.. ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. 
ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ 
ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ 
မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus 
သည် မပျံ့နှံ့ မကူးစက်နိုင်ပါ... Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...
forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊
Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ 
Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ

ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာ
ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး 
ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware,

dishonest adware, crimeware and other malicious and unwanted software 
တွေပါဝင်လေ့ရှိပါတယ်..

၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class 

လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ 
Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ 
ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး 

သူ့ကိုယ်သူသန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို 
များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network 
bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding 
ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ 
၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ 
ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto

update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote 

လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က 

ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ 
အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ 
ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် 
အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင် 
လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ 
Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ 
Game လို့ပြောရလိုဖြစ်နေတာပေါ့.. နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free
waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ 

အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် 
သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်...
ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ 
အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင်
အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် 
သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက  
http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် 
အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware 
Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.  Spyware ကို ကာကွယ်ချင်ရင်တော့ 
pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover 
တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package

တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး 
Download အတင်းလုပ်ခိုင်းပါတယ်...
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. 

သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run 

ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware 

အမျိုးအစားတွေပဲဖြစ်ပါတယ်...။

By kozaw357.multiply.com

07 July 2011

နော်ဝေမှ ရင်သပ်ရှုမောဖွယ်တောင်ထွတ်....

နော်ဝေမှ ရင်သပ်ရှုမောဖွယ်တောင်ထွတ်....

နော်ဝေအသံထွက်ဖြင့် ပရေကီစတိုလင် (သို့ မဟုတ်) ပရီကီစတိုလင် ဟုခေါ်သည့်  တရားဟောစင်မြင့် /
တရားဟောကျောက်တောင်ထွတ် ဟူ၍လည်းအဓိပ္ပါယ်ရသည့် ဒေသခံများက ဟိုင်ဗလာတိုညာ ဟုလည်း
အမည်သညာမှည့် ဆိုထားသည့် ကျောက်တောင်ထွတ်ဟာ ပေပေါင်း ၁၉၈၂ ပေ ( ၆၀၄ မီတာ ) မြင့် ပြီး
နော်ဝေနိုင်ငံ၊ ရိုင်ဖိုင်ခ် ၊ ဖော်ဆန်း အရပ်၊ ကဂျာရက်ဂ် ကုန်ပြင်မြင့် ရဲ့ တစ်ဖက်ခြမ်း လိုင်စက်ဖ်ဂျော်ဒင်
တောင်ထိပ်မှာတည်ရှိပါတယ်...
ထောင်ထွတ်ရဲ့ အကျယ်ကတော့  ၈၂ စတုရန်းပေ ပါတ်လည်ရှိပြီး မျက်နှာပြင်ညီဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ နာ
မည်ကျော် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါတယ်...
 ထိုဒေသဟာ နော်ဝေနိုင်ငံရဲ့ တောင်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်...ထိုနေရာကိုရောက်ဖို့ နာရီအနည်း
ငယ်သာ တောင်တက်ခရီးနှင်ရမှာဖြစ်ပါတယ်....
ထိုတောင်ခြေမှာတော့ နွေရာသီတွင် ကမ္ဘာလှည့် ခရီးသည်များ ပြည့် ကျပ်နေသည့် ယာဉ်ရပ်နားစခန်းတစ်
ခုလည်းရှိပါတယ်...
ဒါကြောင့် သင့် အနေနှင့် ပရီကီစတိုလင်တောင်ထွတ်ကို ကိုယ်တိုင်သာကြည့် ချင်တယ်ဆိုယင်တော့ လူအ
များနှင့် အုပ်လိုက်သွားခြင်း၊ လူများချိန်သွားရောက်ခြင်းမပြုသင့် ပါဘူး...
လူအများလာရောက်ချိန်ထက်စောပြီးသွားသင့် ( သို့ မဟုတ်ဆောင်းတွင်းအခါမှာသွားသင့် ) ပါတယ်...
နောက်ဆုံးသတိပေးလိုတဲ့ အချက်ကတော့ တောင်ထွတ်ပေါ်ကို တိမ်ထူထပ်နေတဲ့ အခါ သို့ မဟုတ် မိုးရွာနေ
တဲ့ အခါများမှာတော့ မသွားသင့် ပါဘူး...ထိုအခါမျိုးမှာဆိုယင်တော့ သင့် အနေနှင့် ထောင်ထွတ်ပေါ်မှ အ
သက်ရှူမှားလောက်စရာမြင်ကွင်း ကိုမြင်ရမှာမဟုတ်ပါဘူး...


အမြင့် ကိုကြောက်တယ်လို့ ဆိုတဲ့ ဆရာချစ်ဦးညိုကိုသတိရမိသေးတော့ တယ်...


Preikestolen or Prekestolen, also known by the English translations of Preacher's Pulpit or Pulpit Rock, and by the old local name Hyvlatonnå, is a massive cliff 604 metres (1982 feet) above Lysefjorden, opposite the Kjerag plateau, in Forsand, Ryfylke, Norway. The top of the cliff is approximately 25 by 25 metres (82 by 82 feet) square and almost flat, and is a famous tourist attraction in Norway.

Preikestolen is in the south of Norway, Lysefjord. It is a few hours hike towards this place. Below there is a parking place which is crowded with tourists in summer time. So if you want to see Preikestolen for your self, not shared with hundreds of other tourists, it might be a good idea to start rather early (or come in winter). One last thing: don’t go up there when it is cloudy or raining. Because then you won’t see this incredible view.


တောင်တက်လမ်းကြောင်းအတွက် လမ်းပြမြေပုံ....
(လမ်းပျောက်မြေပုံတော့ မဖြစ်စေနဲ့ နော်...ရှေ့ မှာဖြစ်ခဲ့ တဲ့ သာဓကရှိခဲ့ တယ်)

ရင်သပ်ရှုမောဖွယ် မြင်ကွင်း...

တစ်ကိုယ်ရေလွမ်းဆွတ်မှု....သူ့ လိုတော့ မလွမ်းရဲပေါင်ဗျာ....
မတော်ပြုတ်ကျသွားမှဖြင့် ဆက်မလွမ်းရပဲနေဦးမယ်...
တို့ အချစ်က ဘယ်တော့ မှမသေဆုံးမယ့် အချစ်လေ...( undying love )
ဒီလောက်ဆိုတော်သေးတယ်...နည်းနည်းတော့ ကြောက်ဖို့ ကောင်းနေပါသေးတယ်...

ကြည်နူးတိတ်ဆိတ်ထိုတောင်ထွတ်ထိပ်...
သဘာဝကိုက လွမ်းဆွေး၊ ကြည်နူးဖို့ ကောင်းလွန်းလှပါတယ်...

အတားအဆီးအကာအကွယ်မထားတာကိုက ခရီးသွားဧည့် သည်တွေလာဖို့ ဆွဲဆောင်ချက်တစ်ခု
လေလားပါပဲ...

တို့ တော့ အဲဒီလို မကြည့် ရဲပေါင်...

သွားရောက်လည်ပါတ်ရကျိုးနပ်ပါလိမ့် မယ်...

သမီးတို့ လည်းရောက်ခဲ့တယ်...

24 June 2011

Thiland Trip


Corral Island, Pattaya, Thailand

Pattaya Beach, Thailand
 

 Corral Island, Pattaya, Thailand


 Pattaya Beach, Thailand


 Pattaya Beach, Thailand


Wat Yai Chai Mongko @Ayutthaya(Thailand)

Wat Yai Chai Mongko @Ayutthaya(Thailand)
 Corral Island, Pattaya, Thailand

Blogger news