01 January 2012

ပျော်ရွှင်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေ

ကျွန်တော်သည် သူငယ်ချင်းများကို လွန်ကျူးစွာ ချစ်ပါသည်။ သူငယ်ချင်းတွေဆိုတာ ကျွန်တော့အတွက်တော့ မိသားစုဝင်တွေ သေဖော်သေဖက် ရှင်ဖော်ရှင်ဖက် တွေလည်းဖြစ် ပါသည်။ အစားကောင်း အသောက်ကောင်း စားရလျှင် လည်း တစ်ယောက်တည်း စားဖို့ထက် ခွဲဝေ ၍သာ စားလိုသည်။ စာကောင်းပေကောင်း ဖတ်ရလျှင်လည်း ကိုယ့်နည်းတူ သူတို့အား ဖတ်စေချင်သည်။ ထို့နည်းတူစွာ ကျွန်တော့်ဒေါသများကိုလည်း အမြဲခွဲဝေပေးပါသည်။ ပျော်ရွင်စရာကောင်းသော အချိန်ကာလ များကိုလည်း အတူ တကွသာ ဖြတ်သန်းလိုသည် (သူတို့အား တစ်ယောက်တည်း အတည်းမကျန်စေလိုပါ)။ သို့သော်ငြား လည်း လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည့်အတိုင်း ကျွန်တော့်၏ စိတ်ဆန္နသည် သူငယ်ချင်းများနှင့်အမြဲ တစ်ထပ်တည်း မကျနိုင်ပါ။ ထို့ကြောင့်သူငယ်ချင်းများအား FBပေါ်မှဖြစ်စေ ဖုံးနှင့်ဖြစ်စေ လူကိုယ်ဖြစ်စေ စိတ်အနှောက် အယှက် ပေးခဲ့မိသမျှ ခွင့်လွတ်ပေးကြပါ လို့တောင်းပန်အပ်ပါသည်။
သူငယ်ချင်းများအားလုံး ပျော်ရွှင်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။
NilaElect

Blogger news